Posts

Showing posts from December, 2018

အချစ်သန့်သန့်လေး

အချစ်သန့်သန့်လေး  ပန်းရိုင်း ရေးသည်  ရွှေရည်ဝင်းထိန် ဘ၀ ရှေ့တက်လမ်း အတွက် ရန်ကုန်မြို့ကို လာခဲ့သည် ။  ရွှေရည်ဝင်းထိန်အတွက် ဧရာမ စွန့်စားခန်းကြီး တခု ဖြစ်သည် ။ ရွှေရည်ဝင်းထိန်သည် အဖေနဲ့ အမေ အတန်တန် တားတဲ့ကြားက ကြီးပွားတိုးးတက်ဖို့ ထွက်ခဲ့လိုက်သည် ။ အမေ့ဖက်က ဆွေမျိုးတယောက်ရဲ့အိမ်မှာ စရောက်ရောက်ချင်း ခဏနေသည် ။ ချက်ချင်း အလုပ် မရလို့ အလုပ်ရှာနေတာနဲ့ တပတ်မက ကြာသွားသည် ။ ဆွေမျိုးအိမ်ကို အားနာတာကြောင့် ဘာရရ လုပ်မည်လို့ ဆုံးဖြတ်ပြီး တဆိုင်ဝင် တဆိုင်ထွက် လိုက်မေးသည် ။ အလုပ်တောင်းသည် ။ “ စူပါ ဂလုပ် ” ဆိုတဲ့ စူပါမားကက်ကြီးမှာ အရောင်း ၀န်ထမ်း အလုပ် ရသွားသည် ။  ဘာဘဲဖြစ်ဖြစ် အလုပ်တော့ ရသွားပြီ ဆိုပြီး ရွှေရည်ဝင်းထိန် ပျော်သွားသည် ။  လက်ရှိ နေနေတဲ့ ဆွေမျိုးအိမ်ကိုလည်း နေခစားခလေး ပေးနိုင်ပြီမို့ သိပ် အားမနာရတော့ဘူး ။ အမြန်ဆုံး မိန်းကလေးဆောင် တဆောင်ကို ပြောင်းနေ နိုင်ဖို့ ကြိုးစားသည် ။ ရွှေရည်ဝင်းထိန်က တောသူပေမယ့် အရပ်ကောင်းသည် ။ အသားဖွေးသည် ။ ကိုယ်လုံးကလည်း သိပ် တောင့်တောင့်ထယ်ထယ်ကြီး မဟုတ်ပေမယ့် ရှိသင့်သလောက် ရှိသည် ။  ယောက်ျားသားတို့ မျက်စိကျစရာ မိန်းမတယောက်မို့ ဆိုင်မန်နေဂျာ အကြီးဆုံးက မြင်တတ်သည် ။ ေ

ပဲလှော်ကြား ဆားညှပ်

ပဲလှော်ကြား ဆားညှပ်     နောင်ရဲတို့ စုံတွဲ အိမ်ထောင်ကျသည်မှာ အနှစ် ၄၀ ကျော်လေပြီ။ သားတစ်ယောက်ရှိကာ ယခုဆို သားမှ မွေးထားသော မြေးလေးများပင် ရှိနေပြီ ဖြစ်သည်။ အရွယ်ရှိတုန်းက ကြိုးစား စီးပွားရှာပြီး ခြစ်ခြစ်ကုတ်ကုတ် စုဆောင်းထားသဖြင့် ယခု အသက် ၆၅နှစ်ကျော်မှာ အလုပ်က ပင်စင်ယူပြီး အေးအေးဆေးဆေး နေထိုင်ကာ လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်း ဖြစ်သည်။ သားကတော့ အိမ်ထောင်ကျပြီးထဲက အိမ်ခွဲနေကာ လင်မယား ၂ ယောက်လုံး အလုပ် လုပ်သဖြင့် ကလေးတွေကို ဖိုးဖွားတွေနှင့် လာထားသည်။ မနက်စောစော လာပို့ကာ ညနေ အလုပ်မှ အပြင် ဝင်ခေါ်ကြသည်။ ပိတ်ရက်တွေတော့ နောင်ရဲတို့က သူတို့အိမ် လိုက်လည်တတ်သလို၊ တခါတလေလည်း လူမှုရေးလုပ်ငန်းများနှင့် အချိန်ကုန်တတ်သည်။ မြေးအကြီးက အသက် ၈ နှစ်အရွယ် မြေးမလေးပေါ့။ အငယ်ကတော့ အသက် ၅ နှစ်အရွယ် မြေးလေးပါ။ ကျောင်းသွားတဲ့ မြေးမလေး ကိုတော့ ကျောင်းပို့ ကျောင်းကြို ဖိုးဖွားတွေက လုပ်ပေးသည်။      အသက်ကြီးလာတော့ နောင်ရဲတို့ အိမ်ထောင်ရေး သုခက ထင်သလို မဟုတ်ချေ။ ယောက်ျား ဖြစ်နေတော့ ဖွဲတစ်ဆုတ်စာ မနိုင်သရွေ့ လိင်ဆက်ဆံတာကို စိတ်ပါသလောက် မိန်းမဖြစ်သူကတော့ အသက် ၄၅ အရွယ်မှာ သွေးဆုံးကာ အရင်ကလောက် လိင်စိတ် မတက်ြ

မင်္ဂလာလက်ဖွဲ့

မင်္ဂလာလက်ဖွဲ့  သူတို့သား။ ပင်လယ်ပြာ ရှိလို့ ထိပ်သီးသိုင်းဆရာကြီးတွေ ပင်လယ်မှာ စာရေးလို့ ချပ်ခန်းပျော်တွေ အပြင်မှာ ဆုံဖြစ်လို့ ပင်လယ်သူ ပင်လယ်သား နှစ်ယောက် ဖူးစာဆုံတဲ့ပွဲ ဖြစ်လာခဲ့ပါပြီ။ ရွာမှာ နေတဲ့ ပင်လယ်ပျော်တွေကိုလည်း မင်္ဂလာပွဲ ကို လာရောက် ချီးမြှင့်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ ဖိတ်စာလာပို့ပေးပါဆိုလည်း ပို့ပေးပါ့မယ်။ ဦးတံငါ ကျေးဇူးနဲ့ ဒီတသက်တော့ မိန်းမ ရဖူးသွားပြီဗျာ။ ခုထိတော့ မိန်းမရ ကံကောင်းတယ်လို့ ကိုယ့်ဘာသာ ခံယူထားတုန်းဘဲ။ ။ Pannyine ရွှေတိဂုန်ဘုရား ခြေရင်း ဗဟန်းရပ်ကွက် လမ်းထောင့် တနေရာတွင် လှည်းကလေးနဲ့ ဘဲသားဆန်ပြုတ် ရောင်း နေတဲ့ တရုတ်လူမျိုး အဖိုးကြီး ဦးဂွမ်တီသည် အဝေးရောက် သူ့ မိတ်ဆွေကြီး ဦးပန်း မှာကြားထားသည်ကို သတိရသွားပြီး..“ အင်း..ဖေဖေါ်ဝါရီလ 12 ရက်နေ့....နေ့လည် ၁နာရီခွဲ ရောက်ပြီဘဲ ...”လို့ တီးတိုး ရေရွတ်လိုက်ပြီး နောက် လှည်းကလေးရဲ့ အောက်ဖက် အဆင့်က အထုပ်တထုပ်ကို ဆွဲထုတ်လိုက်လေသည် ။ သည် အထုပ်လေးကို မောင်သူတို့သား နဲ့ မသူတို့သမီး  တို့ရဲ့ မင်္ဂလာပွဲကို သွားပို့ရမှာ ဖြစ်လို့ ဦးဂွမ်းတီသည် အငှားကား တစီးကို လက်တားကာ ခေါ်လိုက်သည် ။ သူသွားရမယ့် နေရာက နီမိုလမ်း နဲ့ ဦးတံငါ လမ်း ထောင့်က ပင်လယ်

လိုက်ပွဲမဟုတ်ပါ

လိုက်ပွဲမဟုတ်ပါ ပန်းရိုင်း ဖုန်းကျော်စွာ မနေ့က ဖြစ်ပျက်ခဲ့တာတွေကို ယခုတိုင် သတိရ မြင်ယောင်နေတယ် ။ အထိအတွေ့တွေကို ယခုတိုင် ခံစားမိနေတယ် ။ ဒါတွေကို ပြန် စဉ်းစားတိုင်း ပြန်တွေးတိုင်း မြင်ယောင်တိုင်း ကြက်သီးမွေးညင်းတွေ ထပြီး စိတ်တွေ ထကြွလာမိရတယ် ။ ကာမစိတ်ရိုင်းတွေ ပြင်းထန်လာတယ် ။ မနေ့က ။ မိန်းမနဲ့ အကြီးအကျယ် စကားများတယ် ။ ဖုန်းကျော်စွာရဲ့ မိန်းမ စိမ်းဝေခင်သည် ဖုန်းကျော်စွာကို အသေနိုင်တယ် ။ ဖုန်းကျော်စွာက စိမ်းဝေခင် ထိုင်ဆို ထိုင်ရတယ် ။ ထဆို ထရတယ် ။ ဖုန်းကျော်စွာက စိမ်းဝေခင်ကို ရဖို့ ကျောင်းမှာတုံးက အသေအလဲ ကြိုးစားခဲ့ရတာ ။  စိမ်းဝေခင်က ကျောင်းတုံးက နံမည်ကြီး တယောက် ။ သူတို့မေဂျာမှာ ကွင်း ( အလှဘုရင်မ ) ဘွဲ့ကို ရထားတဲ့ တကယ့် ထိပ်တန်း အချောအလှ တယောက် ။ သည်လို အချောစားကို ရယူပိုင်ဆိုင်နိုင်တယ် ဆိုပြီး ဖုန်းကျော်စွာက လူဘုံအလည်မှာ ဂုဏ်ယူဝင့်ကြွားခဲ့တာ ဆိုတော့ သည် မိန်းမကို ဖူးဖူးမှုတ် အလိုလိုက် အကြိုက်ဆောင်ခဲ့တယ် ။  စိမ်းဝေခင်က ဒါကို အခွင့်ကောင်းယူပြီး ဖုန်းကျော်စွာကို ဗိုလ်ကျ အနိုင်ကျင့်တယ် ။ စွာတယ် ။ မိုက်ရိုင်းတယ် ။ နှိမ်ထားတယ် ။ ဖုန်းကျော်စွာက ဗွေမယူဘူး ။ မိန်းမကို အနိုင်ပေးတတ်တဲ့ ယောက်ျား ။

ကန့်သတ်မှုများနဲ့ အချစ်

ကန့်သတ်မှုများနဲ့ အချစ်      နောင်ရဲတစ်ယောက် မြန်မာနိုင်ငံမှ ထွက်ပြီး မျက်စိလည် လမ်းမှားကာ ကိုရီးယားနိုင်ငံမှာ သောင်တင်နေတာ နှစ်နဲ့ ချီနေပြီ ဖြစ်သည်။ အသက် ၃၀ ကျော်အရွယ် လူပျိုကြီးဆိုတော့လည်း ဘာအပူအပင်မှ မရှိ၊ အလုပ်ကို ကောင်းကောင်း လုပ်နိုင်သည်။ တစ်နှစ် တစ်ခါတော့ မိဘတွေ ရှိရာ ပြန်တာပေါ့။ ပိုက်ဆံလည်း အတော်အတန် စုမိလာတော့မှ လူပျိုကြီး ရောဂါ စတော့သည်။ မိန်းမ ယူချင်တာပေါ့။ မိဘတွေကတော့ ပြောသည်။ သူတို့ ရှာပေးမည်ပေါ့။ သို့သော်လည်း ရင်ထဲက အချစ်ကို ကိုးကွယ်နေသေးတော့ မိမိ ကြိုက်နှစ်သက်ရာသာ ရှာမည်ဟု ပြောကာ တားမြစ်ထားသည်။ ကိုရီးယားမတွေကတော့ ပေါသည်။ လှသည်။ ချစ်စရာကောင်းသည်။ သို့သော် မယုံကြည်ရ။ ဒီနိုင်ငံမှာ ခွဲစိပ်ထားတဲ့ မျက်နှာ၊ ကိုယ်လုံး၊ ရင်သား၊ တင်ပါး ဆိုတာက ၉၀ ရာခိုင်နှုန်းသော မိန်းကလေးတွေဆီမှာ အများအပြားတွေ့ရသည်။ ရုပ်တွေကလည်း ဆင်တာကိုး။ ဒီတော့ ကကြီးမ ဆို နိုးပါ။      နီးစပ်ရာ မြို့လေး တစ်ခုမှာ အလုပ်နဲ့ သွားရင်း စားသောက်ဆိုင် တစ်ဆိုင် ဝင်စားဖြစ်သည်။ ထိုင်းစားသောက်ဆိုင်လေးပါ။ အရသာကတော့ အစပ်၊ အချဉ်တွေ ဆိုတော့ ခံတွင်းတွေ့တာပေါ့။ စားပွဲထိုးလေးတွေက ကကြီးမတွေပေါ့လေ။ ထိုစဉ် ကကြီးသံ မပီသသော ကကြီးစကားဖြင

ဒါဏ်ရာကြီးနဲ့ လူ

ဒါဏ်ရာကြီးနဲ့ လူ      မနက်တိုင်း ၆ နာရီခွဲလျှင် အိပ်ရာမှ ထကာ ကိုယ်လက် လေ့ကျင့်ခန်း အပေါ့စားလေးတွေ လုပ်နေကျ တေဇ သည် ဒီမနက်တော့ အိပ်ရာက စောစော မထဖြစ်။ မထဖြစ်တဲ့ အကြောင်းကလည်း  ရုံးပိတ်ရက် ဖြစ်သောကြောင့် မနေ့ညက ညနက်အောင် စာဖတ်ခြင်း၊ မူဗွီများ ကြည့်ခြင်းဖြင့် အချိန်ကုန်သွားသောကြောင့် ဖြစ်သည်။ အိပ်ရာနဘေးက စားပွဲခုံပေါ် တင်ထားတဲ့ နာရီကို ကြည့်လိုက်တော့ ၈ နာရီ ထိုးနေပြီ။ အိပ်ရာပေါ်မှာတင် အညောင်းပြေ ခြေလက် ဆန့်လိုက်သည်။ တစ်ညလုံး အိပ်ထားသောကြောင့် ပုခုံးနှင့် ခါး က အညောင်းညာမိကာ ခပ်အောင့်အောင့်လေး ဖြစ်နေသည်။ လေ့ကျင့်ခန်းတော့ မလုပ်ဖြစ်။ ရေချိုးပြီး မနက်စာ စားရန် ထွက်လာလိုက်သည်။ ၄၆ လမ်းထဲက နာမည်ကြီး လက်ဘက်ရည်ဆိုင်ကို သွားလိုက်သည်။ လက်ဘက်ရည်ဆိုင်ဟုသာ ဆိုသည်။ အကုန် ရသည်။ ပဲပလာတာ တစ်ပွဲ၊ မုန့်ဟင်းခါး အိုးဘဲဥ၊ မန်းကြော်နှင့် အီကြာကွေး တစ်ပွဲ (ငှက်ပျောအူ များများ ထည့်ခိုင်းတာပေါ့) ကို မှာစားကာ ဂျာနယ် ဖတ်ရသည့် အရသာက ပြောမပြတတ်အောင်ပင် လောကစည်းစိမ်ဖြစ်သည်။ ဂျာနယ်ကို ဖင်ပြန်ခေါင်းပြန် ဖတ်ပြီးတော့ နာရီကြည့်လိုက်သောအခါ ၁၀နာရီ ခွဲ နေပြီးဖြစ်သည်။ နွေခေါင်ခေါင်နေမင်း ရဲ့ ရောင်ခြည်ကလည်း လူသားတွေရဲ့ ခေါင်းကို လ